လားရှိုး ဇူလိုင် ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ရရှိစေရေး နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အ.လ.က (လေ့ကျင့်ရေး) ကျောင်း၌ ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အ.လ.က (လေ့ကျင့်ရေး) ကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၉ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ရရှိစေရေး ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။
လူမော် (ပြန်/ဆက်)