မြစ်သား ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ် ပိဿာလျှင် ၈၅၇၅/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့တွင် ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့တွင် ဒေသခံပြည်သူများအား ဆီတစ်ပိဿာ ၈၅၇၅/- ကျပ်နှုန်းဖြင့် တစ်ဦးလျှင် နှစ်ပိဿာဖြင့် တစ်ရက်ဆီပိဿာပေါင်း (၂၈၈)ပိဿာအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)