လားရှိုးမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

လားရှိုး ဇူလိုင် ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဇူလိုင် ၇ ရက်က Golden Hill Hotel ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အမှာစကား ပြောကြားပြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ လားရှိုးမြို့ အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ထွန်းအေးတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာနှင့် စပ်လျဉ်း၍ အသီးသီးအသိပညာ‌ပေး ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်ဝန်ထမ်းများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)