မိုင်းခုတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေး

မိုင်းခုတ် ဇူလိုင် ၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ် ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးမိုးကျော်သူ ဦးဆောင်သော ဝန်ထမ်းများက အဆိုပါကျောင်းရှိ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ကျောင်းသူ(၁၀၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား  One Stop Service ဖြင့် ဆောင်ရွက်ပေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးနှင့် ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

မိုင်းခုတ်(ပြန်/ဆက်)