မိုင်းယောင်း ဇူလိုင် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ ၄ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်မိုးက ထောက်ပံ့ပေးအပ်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်တာဝန်ရှိသူများက မျိုးစေ့နှင့် သွင်းအားစုများကို တောင်သူများအား လက်ဝယ်အရောက် ပေးအပ်ကြသည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် စပါး ကီလို ၄၀၀၊ ပဲပုပ်နှင့် မျိုးစေ့ထုတ်စပါးစိုက်ခင်း ၂၅ ဧကအတွက် ကွန်ပေါင်းမြေဩဇာ တစ်အိတ်နှုန်း၊ ယူရီးယားမြေဩဇာ တစ်အိတ်နှုန်းနှင့် သဘာဝမြေဩဇာ တစ်ဧက လေးအိတ်နှုန်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)