ညောင်ရွှေမြို့ အင်းသားစာပေယဉ်ကျေးမှုနှင့်‌ဒေသဖွံ့ဖြိုး‌ရေးအသင်းရုံးခန်းမ၌ အင်းလေးသုတေသနအစီအစဉ်(၂၀၂၆)ခုနှစ် စာတမ်း ဖတ်ပွဲကျင်းပ

ညောင်ရွှေ ဇူလိုင် ၇

အင်းလေးကန်နှင့် ပတ်ဝန်းကျင်ဒေသစိမ်းလန်းစိုပြေပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ယဉ်ကျေးမှုအမွေအနစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်းလေးသုတေသနအစီအစဉ် (၂၀၂၆)ခုနှစ် စာတမ်းဖတ်ပွဲကို ဇူလိုင် ၅ ရက်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းသားစာပေ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီက အမှာစကားပြောကြားပြီး စာတမ်းရှင်သုတေသီ(၆)ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် စာတမ်းရှင်သုတေသီများက မိမိတို့သုတေသနစစ်တမ်းပြုစုထားသည့် စာတမ်းများအား အသီးသီးဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာစာတမ်းရှင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်းနှင့် အဆိုပါစာတမ်းဖတ်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတိုးရ၊ အင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ KBZ bank မှတာဝန်ရှိသူများ၊  Hysan Education Center မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ