ကွန်ဟိန်းမြို့၌ MCCT အာဟာရအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အာဟာရအသိပညာဟောပြောပွဲကို ယမန်နေ့ မွန်လွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက MCCT အာဟာရ အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)