ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၁၁ နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက ငလျှင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ၊ လေဘေး မုန်တိုင်းဘေး၊ သဘာဝေဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော မြို့နေပြည်သူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)