ညောင်ဦး ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်သည် ၂၁၂၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တိုင်းထွာချက်အရ ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၇၂ စင်တီမီတာ(နှစ်ပေသုံးဆယ်ခြောက်လက်မ)အလို ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများအား ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်စိုးရိမ်ရေမှတ်သို့ရောက်ရှိရန်တဖြည်းဖြည်း နီးကပ် လာနေပြီဖြစ်ရာ မြစ်ကမ်းဘေးနေအိမ်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင် ရောက်မည့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းနှင့်တာဝန်ရှိသူများသည် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ပေးထားမည့် အမှတ်(၁)ရုံးညောင်ပင်ရပ်၊အမှတ်(၂)ရပ်၊ ယွန်းတန်းဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်၊ ဆင်ဆယ်မေဓမ္မာရုံတို့တွင် ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်ထားရှိမှုနှင့် ရေဘေးကြောင့် ယာယီပြောင်းရွေ့ကြမည့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ ရေဝင်နေအိမ်များနှင့် လောကနန္ဒာဘုရားနား မြစ်ရေဝင် ရောက်မှု၊ ဗူးဘုရားနားမြစ်ရေတက်မှု၊ ဝက်ကြီးအင်းချောင်းမြစ်ရေဝင်ရောက်မှုနှင့် အမှတ်(၁)ရပ်၊ သာယာဝတီစက်လှေဆိပ် မြစ်ရေဝင်ရောက်မှုအခြေအနေနှင့် Speed Boat ၊ စက် လှေတို့ဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ဒီပါလင်း