တိုက်ကြီး ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ တောင်ဘို့လှကျေးရွာအုပ်စု၊ ပိုးတီကုန်းကျေးရွာ၌ ယမန်နေ့ညနေ ၅ နာရီ မိနစ် ၅၀ အချိန်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၃ လုံး ပြိုကျပျက်စီးသွားကြောင်း သိရသည်။
ယနေ့ညနေ ၅ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် တောင်မှမြောက်သို့ဦးတည်၍ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိုးတီကုန်းကျေးရွာအနောက်ဘက်ပိုင်းတွင် အုတ်ညှပ် သွပ်မိုး နေအိမ် ၆ လုံး အမိုးလန်ပျက်စီးခြင်း၊ သွပ်မိုးထရံကာ၊ ဓနိမိုးထရံကာ နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခြင်း၊ ဓနိမိုးထရံကာနေအိမ် ၁ လုံး ပြိုကျခြင်းနှင့် ဝက်ခြံ၊ နွားခြံ ၃ ခြံ အမိုးလန် ပျက်စီးခဲ့သည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ ဥက္ကံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများက သွားရောက်ကြည့်ရှုခဲ့ရာ ပြိုကျပျက်စီးခဲ့သည့် နေအိမ်မှ မိသားစုများအား နီးစပ်ရာ ဆွေမျိုး များနေအိမ်သို့ ပြောင်းရွှေ့ပေးခြင်းနှင့် နေအိမ်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)