ဘုတ်ပြင်းမြို့နယ်၌  ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်း(TOT)ဖွင့်လှစ်

ဘုတ်ပြင်း    ဇူလိုင်   ၃

တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကြီးကြပ်မှုဖြင့် ခရိုင်ဥပဒေရုံးမှဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယနေ့နံနက်(၉)နာရီက ဘုတ်ပြင်းခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးမှာ ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့နေရသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးအုတ်မြစ်တွေဖြစ်သလို ပြည်သူနှင့်အစိုးရအကြား ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်ပေးနေကြသူများဖြစ်ပါကြောင်း၊ ယခုသင်တန်းက ဥပဒေအသိပညာများရရှိပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဥပဒေဘာသာရပ် ဗဟုသုတများကို မိမိတို့၏ရပ်ကွက်၊ကျေးရွာ အုပ်စုမှာရှိသော ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့်ကျေးရွာတာဝန်ခံများကို လက်ဆင့်ကမ်းပြန်လည်ပို့ချရမည်ဖြစ်သည့်အတွက်အလေးထားလေ့လာမှတ်သားသင်ယူကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးအောင်မောင်မောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ သင်တန်းတွင် မြို့နယ်ဥပဒေအရာရှိနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးသင်တန်းသား၊ သင်တန်းသူ(၅၄)ဦးအား ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)