ပုလော ဇူလိုင် ၃
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဇူလိုင်လ ၃ ရက်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ဒုတိယအကြိမ် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ရက်(၁၀၀) လမင်းစီမံချက်နဲ့ အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြား၊ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာလေ့လာသင်ယူရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဆည်းပူးရာတွင် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပုလောမြို့နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောကြားခဲ့သည်။
ပုလော (ပြန်/ဆက်)