လိပ်သို ဇူလိုင် ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ စားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်ရှည်ပင်ဖြစ်သော သရက်ပင်များကို စိုက်ပျိုးထားကြပြီး သရက်သီးများမှည့်ချိန် ခူးယူရောင်းခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။
ဒေသခံများမှာ သရက်ပင်များကို မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဉယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့မှ ပျိုးပင်များကို ပျိုးထောင်၍လည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ သရက်သီးမှည့် တစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ (၃၀ဝိ/-) ကျပ်မှ (၅၀ဝိ/-) ကျပ်အထိ စျေးရရှိကြောင်း၊ ဒေသတွင်း၌ စိန်တစ်လုံး၊ မချစ်စု၊ ရင်ကွဲ၊ သုံးလုံးတစ်တောင် သရက်သီးမျိုးများကို အများဆုံးစိုက်ပျိုးထား လျက်ရှိကြောင်း သရက်ပင်စိုက်ပျိုးသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
နော်ဖလောရင်း