နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုပ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University (NSPU) ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ရက်နေ့ ညနေပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးကွင်းတွင်ကျင်းပရာ ပါမောက္ခချုပ်(တာဝန်)၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ ပထမဆုံးပွဲစဉ်အဖြစ် Synergy အသင်းနှင့် EC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ EC အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ဖြင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ကို (ပုဗ္ဗသီရိ)