မှော်ဘီ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာပေချစ်မြတ်နိုးသူ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များအနေဖြင့် စာကြည့်တိုက်များ၌ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုထားပါမှ အသိပညာဗဟုသုတများတိုးပွားလာမှာဖြစ်ပါကြောင်း လူငယ်တို့အနေဖြင့် ငယ်ရွယ်ပညာသင်ကြားချိန်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုအချိန်ကပင် သုတ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာမှတ်သားထားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဖတ်ရှုထားသမျှမှ အနှစ်သက်ဆုံး စာအုပ်တစ်အုပ်အကြောင်းကို လည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲ လူငယ်များအား အသိပညာဗဟုသုတရရှိစေမည့် ပုံပြင်များကို လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် စာဖတ်ခြင်းအကျိုးကဗျာဖြင့် အသီးသီးပြိုင်ပွဲဝင်ကြရာ အကောင်းဆုံးယှဉ်ပြိုင် နိုင်သူ (၃) ဦးစီအား မြို့နယ်ဦးစီးမှူး ဦးစန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲနုဝေ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်မေထွဋ်တို့က ဗလာစာအုပ်နှင့် ဘောပင်များအား ချီးမြှင့်ကာ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်သူများအား အဟာရဒါနမုန့်များ လက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြသထားမှုအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက်" မြန်မာအမျိုးသမီးများနေ့ "အထိမ်းအမှတ်အဖြစ် စာပေချစ်မြတ်နိုးသူ Women Club အသင်းဝင် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သဲနုဝေ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်မေထွဋ် အဖွဲ့ဝင် ဒေါ်မြသက်နွယ်၊ ဒေါ်သက်မွန်ဖြိုး၊ ဒေါ်မေသန္တာနှင့်အသင်းဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့် ဝန်ထမ်းများက စာရေးဆရာ အောင်သင်း၏ "လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ "လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး" စာအုပ်ပါအကြောင်းအရာများမှ ခွင့်လွှတ်သော မျက်စိနှင့်ကြည့်ကြပါ၊ ဘဝရဲ့အဓိပ္ပါယ်၊ အချိန်ကိုဘယ်လိုအသုံးချသလဲနှင့် စာရိတ္တတန်ဖိုးထိ ဆောင်းပါး (၁၆) ပုဒ်အား ဖတ်ရှုထားမှုအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းမှ ထပ်ဆင့်သုံးသပ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စန်းဝင်း (ပြန်/ဆက်)