ကြာအင်းဆိပ်ကြီး ဇူလိုင် ၂
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား ကျောင်းသူများကို "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက(ခွဲ)ကြာအင်းကြီးရွာကျောင်းသို့ မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများကနေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်လဝကဦးစီးမှူး ဦးမျိုးကျော်သူ ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ပြားများလက်ဝယ်အရောက်ပေးအပ်သည်။
မြို့နယ်(ပြန်/ဆက်)