မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၁၈ နှစ်ထက်ပြည်သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေး

မြောက်ဥက္ကလာ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Vaccine) ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးတွင် သတ်မှတ်ရက်များအလိုက် ကျန်းမာရေး၀န်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးတွင် သတ်မှတ်ရက်များအလိုက် အသက် ၁၈ နှစ်ထက် ပြည်သူများအား ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို ကျန်းမာ‌ရေး၀န်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)