ဘားအံ ဇွန် ၃၀
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဌတွင် အမျိုးသမီးများ၏ အရေးပါပုံနှင့် အသိပညာများ ပြန့်ပွားစေရန် ဆက်စပ်ဌာနဆိုင်ရာများပူးပေါင်းပြီး ဇွန် ၃၀ ရက် နံနက် ၉ နာရီခွဲ က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံး၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်း ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနန္ဒာဖြိုးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီနီထွန်းတို့က သင်တန်းသူများအနေဖြင့် အိမ်ထောင်စုအဆင့်အလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေ့အကျင့်ကောင်းများဖြစ်အောင် ကြိုးစားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး အဆိုပါသင်တန်းတွင် ဘားအံခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသူ ၃၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)