သံတောင်ကြီးမြို့နယ်တွင် နိုင်ငံသားစိစစ်ကတ်ပြားနှင့်UIDကတ်ပြားကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး  ဇွန် ၃၀

ကရင်ပြည်နယ်  သံတောင်ကြီးခရိုင် သံတောင်ကြီးမြို့နယ်တွင်    မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ကတ်ပြားနှင့် UIDကတ်ပြားများကို  ယမန်နေ့ နံနက်(၉)နာရီက   ကွင်းဆင်းဆောင်ရွက်သည်။                                 

အဆိုပါ  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UIDကတ်ပြားများထုတ်ပေးခြင်းကို   ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သံတောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးရဲထွန်းမြင့်၊ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများက ကျောင်းသူ/ကျောင်းသား(၇၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

နော်လော်မူ