ကော့ကရိတ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေး 

ကော့ကရိတ် ဇွန် ၃၀

ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ အစိုးရ၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အလက-လှိုင်ဝကျောင်း၌ ပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ က  အမှာစကားပြောကြားပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူက နိုင်ငံသားတစ်ဦး၏ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် အသက် (၁၀)နှစ်ပြည့်ပြီးသူ ကျောင်း သား/ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDရရှိနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  အသက် (၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူ (၁၂၀)တို့၏ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များကို တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူ များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)