ကြာအင်းဆိပ်ကြီး မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ(၁၇၅)ဦးရှိ 

ကြာအင်းဆိပ်ကြီး ဇွန် ၂၉

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေနံနက်ပိုင်းကထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် အောင်မြင်သူ (၁၇၅)ဦးရှိ၍  အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၅ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၀၆)ဦး၊ ကျောင်းသူ (၂၇၇)ဦး စုစုပေါင်းဖြေဆိုသူ (၃၈၃)ဦးရှိခဲ့ရာ အောင်မြင်သူ ကျောင်းသား (၅၂) ဦး၊ ကျောင်းသူ (၁၂၃) ဦး၊ စုစုပေါင်း အောင်မြင်သူ (၁၇၅)ဦးရှိသည်။

ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအနေဖြင့် (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး စုစုပေါင်း(၄၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ် (ပြန်/ဆက်)