ဟားခါး ဇွန် ၂၇
၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအုပ်စု(၅)မျိုးအကြောင်းနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များပါဝင်ပြီး ဟားခါးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတို့တွင် သတင်းစကားလက်ကမ်းစာစောင် စောင်ရေ(၃၀၀) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)