ဆီဆိုင်မြိုနယ်၌ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ဆီဆိုင် ဇွန် ၂၆

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်  ၁၁ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီမှူး ဦးဝင်းကျော်မျိုးက  သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတို့မှ သင်တန်းသူများအား ကုန်ချောပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို သင်တန်းသူ (၁၀)ဦး တက်ရောက်ကြရာ အခြေခံသင်တန်းအဖြစ် မေလ (၂၇)ရက်နေ့မှ ဇွန်လ(၂၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး မွမ်းမံသင်တန်းကို ဇူလိုင်လ (၇)ရက်နေ့မှ ဇူလိုင်လ (၂၁)ရက်နေ့အထိ ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)