တန့်ယန်း ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်အား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးဝင် အုပ်စု ၅ အုပ်စု၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် စသည့် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် မှတ်တမ်းပုံများ ပါရှိပြီး လက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)