လယ်ဝေးမြို့၌ ရေမြေရာသီဥတုနှင့်ကိုက်ညီသောကြံစိုက်နည်းစနစ်များ ဖော်ထုတ်အသုံးပြုရေး တောင်သူပညာပေးဆွေးနွေး

လယ်ဝေး ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ကြံစိုက်တောင်သူများ၏ ကြံသီးနှံအထွက်နှုန်းတိုးတက်ပြီး လူနေမှုဘဝမြင့်မားလာစေရန်ရည်ရွယ်၍ ရေမြေရာသီဥတုနှင့်ကိုက်ညီသော ကြံစိုက်နည်းစနစ်များဖော်ထုတ်အသုံးပြုနိုင်ကြရန် တောင်သူပညာပေးဆွေးနွေးပွဲကို ဇွန် ၂၆ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ ကြံမျိုးသန့်ခြံ(ကမ်းပါးနီ)ရှိ စိုက်ကွက်အမှတ်-B2 အထူးအထွက်တိုးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံမျိုးသန့်ခြံ(ကမ်းပါးနီ)ခြံတာဝန်ခံ ဦးလေးအောင်နှင့်တာဝန်ရှိသူမျာက ရေမြေရာသီဥတုနှင့်ကိုက်ညီသော ကြံစိုက်နည်းစနစ်များဖော်ထုတ်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများဆွေးနွေးခဲ့ပြီး ပန်းတင်၊ ကြောင်ရေ၊ ပိတောက်ချောင်၊ ပြောင်ခေါင်းကြီး၊ သာယာစုစသည့်ကျေးရွာများမှ တောင်သူ ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)