လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဥပဒေအကြောင်းသိကောင်းစရာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

လယ်ဝေး ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ဇွန် ၂၄ ရက်နေ့နံနက် နာရီက ဥပဒေအကြောင်းသိကောင်းစရာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။

အခမ်းအနားသို့ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းသွယ်၊ အမှတ်()ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးအောင်ဝင်းစိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါက်တာသဇင်မြင့်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား /ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက အမှာစကားပြောကြားပြီး အမှတ်()ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးအောင်ဝင်းစိုးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရေး အသိပညာပေးဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးမြတ်သူရဇော်က ဥပဒေအကြောင်းသိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)