လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ အထက(၆) အုန်းတောကျောင်းတွင် ကျောင်းသား/သူများအား ကွင်းဆင်းဆောင်ရွက်ပေး

မြိတ် ဇွန် ၂၆

တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဇွန် (၂၅) ရက်က အထက(၆) အုန်းတောကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလ လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထို့သို့ ကျောင်းသား/သူများအား အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက ပြုလုပ်ပေးကြသည်။

လမင်းစီမံချက်ဖြင့် အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများရှိ အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား/သူများကို သက်ဆိုင်ရာ ကျောင်းများသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဇွန်(၁)ရက်မှ (၂၅) ရက်နေ့ထိ ကျောင်းသား/သူ စုစုပေါင်း (၁၂၅၄) ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)