ကလောမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် UID ကတ်များနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

ကလော ဇွန် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်စီးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၂)အခြေခံပညာအထက်တန်း‌ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်း၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မြတ်သူနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် ကျောင်းသား(၂၃)ဦးနှင့် ကျောင်းသူ(၂၂)ဦး စုစုပေါင်း(၄၅)ဦးတို့အား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် UID ကတ်များအား၊ နေ့ချင်းပြီး‌ဆောင်ရွက်၍ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)