မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းဆတ်  ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် လူငယ်ရေးရာကော်မတီကကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေက အမှာစကားပြောကြားပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက လက်ခံရယူသည်။ ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးနိုင်လင်းက "လူငယ်နှင့်ဥပဒေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးလှဘုန်းက "လူကုန်ကူးမှုနှင့် လူမှောင်ခို" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက "လူငယ်နှင့်အောင်မြင်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်ခင်လပြည့်ဝင်းက "လူငယ်နှင့်ကာယပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)