မဟာအောင်မြေ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းများက ကံတက်ကုန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများစစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစမ်းသပ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ စနစ်မှန်သွားတိုက်နည်း သင်ကြားပေးခြင်း၊ ကျောင်းစျေးသည်များအား ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း