လားရှိုးမြို့တွင် ဥပ‌ဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကျင်းပ

လားရှိုး ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုင်ငံအတွင်း တရားဥပ‌ဒေစိုးမိုးမှုရရှိရေးအတွက် ဥပ‌ဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ် ယမန်နေ့က ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

‌‌ရှေးဦးစွာ လားရှိုးခရိုင် ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဦးဆန်းဝင်းက အမှာစကားပြောကြားပြီး ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာများအား တွေ့ဆုံမေးမြန်းခဲ့သည်။ အခမ်းအနားသို့ လားရှိုးခရိုင်ဥပဒေရုံးမှ ဥပဒေအရာရှိများ၊ လားရှိုးမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ၊ ဒုတိယ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ပြီး ဥပ‌ဒေအရာရှိကျင့်ဝတ်ဆိုင်ရာများအား ဆွေးနွေးခဲ့ကြောင်း ခရိုင်ဥပဒေရုံးမှ သိရသည်။

လူမော် (ပြန်/ဆက်)