ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ သခြင်းအခမ်းအနား ကျင်းပ

ကွန်ဟိန်း ဇွန် ၂၃

သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်က  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဇာတ်တိုက်လေ့ကျင့်ခြင်းရည်ရွယ်ချက်အား အသိပညာပေးဟောပြောခဲ့ပြီး မြိုနယ်ပညာရေးမှူး ဒေါ်ထွေးထွေးဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆက်လက်ဆောင်ရွက်ရာ အထပ်မြင့်အဆောက်အဦးတွင် ပိတ်မိခြင်းမှကယ်ဆယ်ခြင်း၊ မီးလောင်ခြင်း၊ ငလျှင်လှုပ်ခတ်ခြင်းဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်