မိုင်းရှူး ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်လာမည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် “နိုင်ငံဂုဏ်ဆောင်ထူးချွန်ဖို့ မြန်မာ့အမျိုးသမီးများကြိုးစားစို့” ခေါင်းစဉ်ဖြင့် အထက(မိုင်းရှူး)နှင့် အထက(ဝမ်ကန်)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိ ဆရာ၊ ဆရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)