လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မြိတ် ဇွန် ၁၉

တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ဇွန်(၁၉)ရက် နံနက်ပိုင်းက မြိတ်မြို့ အလက(၉)မြိတ်တွင် ကျောင်းသား/သူများအား ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထို့သို့ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)  ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက ပြုလုပ်ပေးနေမှုအား မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ကျောင်းသား/သူများအား ပေးအပ်ကြသည်။

လမင်းစီမံချက်ဖြင့် အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများရှိ အသက် (၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများကို သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဇွန်(၁)ရက်မှ (၁၉)ရက်နေ့ထိ ကျောင်းသား/သူ စုစုပေါင်း(၁၂၀၀)ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )