မင်းတပ်မြို့၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

မင်းတပ်  ဇန်နဝါရီ  ၂၁

မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက် က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ အသစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကြမည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

လင်းလင်း(ပြန်/ဆက်)