ကျောက်တံတားမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ကျောက်တံတား ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသက်နောင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မြတ်မြတ်စုက အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသော အခွန်ထမ်းပြည်သူများ၏ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်