လသာမြို့နယ်တွင် အမျိုးသားသွေးဌာန ဝန်ထမ်းများအား Flu Vaccine ကာကွယ်ဆေးထိုးနှံ

လသာ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင် ယနေ့နံနက်ပိုင်းအချိန်က လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အမျိုးသားသွေးဌာနရှိ ဝန်ထမ်းများအား Flu Vaccine ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေးကာကွယ်မြှင့်တင်ရေးနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု အားကောင်းစေရေးတို့ကိုရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)