မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မင်္ဂလာတောင်ညွန့် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံတွင် ၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ (၁၆:၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်‌ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် လက်ဝှေ့ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြတ်မြတ်အေး (ပြန်/ဆက်)