သင်္ဃန်းကျွန်း ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ် (၁)၊ (၂)၊ (၃)၊ (၄)/ ၂၀၂၆ အား ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက အဖွင့်အမှာစကား ပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းနှင့် သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းထိုက်တို့က ရှေးဦးပြုစုခြင်း (အခြေခံ) သင်ခန်းစာများ ဟောပြောပို့ချခဲ့သည်။
သင်တန်းအား သင်တန်းအမှတ်စဉ် (၁/၂၀၂၆) မှ (၄/၂၀၂၆)ထိ ပညာရေးဒီဂရီကောလိပ် (ပထမနှစ်၊ ဒုတိယနှစ်) သင်တန်းသား၊ သင်တန်းသူ ၁၂၀ ခန့် တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့ထိ သင်ကြားဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)