သရက်ချောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

သရက်ချောင်း ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့်ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ဆရာမများက ယနေ့နံနက် ၁၀နာရီအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မော်ရှည်ကုန်းရပ်ကွက်အတွင်းရှိ မော်ရှည်ကုန်းဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာမများက ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာမများက ရက်(၁၀၀)စီမံချက်ဖြင့် မော်ရှည်ကုန်းရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ စာရင်း‌ရေးသွင်းခြင်း၊ ရောဂါအလိုက်ဆေးပေးခြင်းနှင့် ကျန်းမာရေးဓာတ်ဆား‌များအခမဲ့ဖြန့်‌ဝေပေးခြင်း၊ ရောဂါအလိုက်ဆေးသွင်းပေးခြင်းနှင့် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)