မင်းတပ် ဇန်နဝါရီ ၂၀
မင်းတပ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မစျေးရှိ စျေးရောင်း/စျေးဝယ် ပြည်သူများအား "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းတပ် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Mask Campaing များ ပြုလုပ်ခြင်းနှင့် မြို့အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်း၊ ကုန်တင် ယာဉ်မောင်းများအား Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်ထံမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)