ညောင်ဦး ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေးကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပို့ချခြင်းဖွင့်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်း၌ ဇွန် ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အဖွင့်အမှာစကားပြောကြားပြီး၊မြို့နယ် ဥပဒေအရာရှိ ဦးဝင်းထက်ကျော်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပုံအဆင့်ဆင့်အားရှင်းလင်းဆွေးနွေးပို့ချသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်ကြရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း