ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သန်လျင်၌ အသိပညာပေးဆွေးနွေး

ရန်ကုန်  ဇွန် ၁၁

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ထိမ်းအမှတ်အဖြစ် ယမန်နေ့က သန်လျင်မြို့နယ် သီလဝါလမ်းမကြီးအနီးရှိ ရွှေစကားအထည်ချုပ်စက်ရုံ၌ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သန်လျင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီရိကျော်နှင့် ဦးစီးအရာရှိ ဒေါ်အိအိချိုတို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း အဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုများအား အသိပညာပေးဆွေးနွေးခဲ့ကြပြီး စက်ရုံဝန်ထမ်းများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ စက်ရုံဝန်ထမ်း အမျိုးသား/အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)