တောင်သာမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း ကွင်းဆင်းဆောင်ရွက်

တောင်သာ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်းကို ဇွန် ၁၀ ရက် နံနက်ပိုင်းမှ စတင် ဆောင်ရွက်သည်။

ထိုသို့ လုပ်ငန်းများ‌ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ဦးဆောင်သည့် အဖွဲ့အစည်း(၆)ဖွဲ့မှ သက်ဆိုင်ရာ ရပ်ကွက် များသို့ကွင်းဆင်း၍ စုရပ်နေရာများတွင် အိမ်ထောင်စုကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ရပ်မိရပ်ဖငါးဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့အားဖွဲ့စည်းနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သည်။

အဆိုပါ ရွေးချယ်တင်မြှောက်ခြင်းခံရသော ကြီးကြပ်ရေးအဖွဲ့မှ ဆယ်အိမ်စု၊ ရာအိမ်စု စုဖွဲ့ခြင်း၊ ဆယ်အိမှူး၊ ရာအိမ်မှူး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ခြင်းလုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခန့်အပ်နိုင်ရေးဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း သိရမည်။

ကျော်မျိုးနိုင် (တောင်သာ)