ကျောက်ဆည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းများ ရာသီမရွေးသွားလာနိုင်ရေး စဉ်ဆက်မပြတ် ပြုပြင်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦးကားလမ်းနှင့်ဆက်သွယ်ထားသော ညောင်ရွေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံဖြင့် လမ်းအရှည် ၂ ဖာလုံအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီးစီးပါက ဒေသတွင်းလမ်းအသုံးပြုသူတို့၏ လယ်ယာထွက်ကုန်ပစ္စည်းများ လွယ်ကူစွာ သယ်ယူရောင်းချနိုင်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများ ပိုမိုတိုးတက်ဖွံ့ဖြိုးတိုးတက်တော့မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)