သရက်ချောင်း ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသော ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းကိုယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်သမဝါယမရုံး အစည်းအဝေးခန်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက တောင်သူများအား ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းတွင် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများအကြောင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျ ပေါင်းစပ်သုံးစွဲနည်းပညာများအကြောင်း၊ ရေသုံးစွဲမှုနည်းလမ်းများ၊ ဥယျာဉ်ခြံများတွင် ကော်ဖီ၊ ကိုကိုးစိုက်ပျိုးရာတွင် အခြားသီးနှံပင်များကြားတွင် ကြားညှပ်ပင်များအဖြစ် စိုက်ပျိုးနည်းများကို ဆွေးနွေးပို့ချပေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကော်ဖီ၊ ကိုကိုး စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)