ပင်းတယ ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပွေးပြတ်ကျေးရွာတွင် ဒေသအသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာနမှ (ဒုတိယ) အကြိမ် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို စာတွေ့၊ လက်တွေ့သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါ သင်တန်းအား မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် သင်တန်းသားစုစုပေါင်း ၁၉ ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)