ပျော်ဘွယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ပျော်ဘွယ် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 Vaccine COMIRNATY LP.8.1 ကို အသုံးပြုပြီး စုရပ်များခွဲ၍ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၁ ရက် နံနက်ပိုင်းက ထန်းတောကြီးကျေးရွာ စုရပ်၌လည်း ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံရသေးသော အသက် ၁၈ နှစ်အထက်ရှိသူများ၊ နောက်ဆုံးအကြိမ်ထိုးနှံပြီးစီးမှူးကာလ ခြောက်လပြည့်ပြီးသော ဝန်ထမ်းများ၊ အသက် ၁၈ နှစ်မှ ၅၀ နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် ၆၀ နှစ်အထက်ရှိသူများ၊ နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှု တစ်နှစ်ပြည့်ပြီးသော အသက် ၁၂ နှစ်အထက် ကိုယ်ခံအားနည်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လိုအပ်သူများအား ထိုးနှံပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့အချိန်အထိ ပြည်သူ ၅,၇၆၀ ဦးအား ထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)