မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ပါဆန်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဖြတ် ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(ပါဆန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က အသိပညာပေးဟောပြောပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ လူငယ်ဟူသည့်အဓိပ္ပာယ်၊ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စာရိတ္တဗလတို့နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးလိုက်နာ‌ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးကျော်သူရက ကျောင်းသား၊ လူငယ်များအနာဂတ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

သန်းထွန်းအေး(ပြန်/ဆက်)