မြစ်သား ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မူလတန်းကြိုကျောင်း၌ မူလတန်းကြိုအရွယ်ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှုနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေး စနစ်တကျ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမိဘအသိ ပညာပေးဆွေးနွေးပွဲကို ဇွန် ၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မိဘအသိပညာပေးဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်ထူးက အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမြင့်အောင်က ကလေးငယ်များ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ ပဒေသာကပွဲများ၊ အခမ်းအနား များတွင် ကလေးများပါဝင်စေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးစွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် ကလေးသူငယ်ကျန်းမာဖွံ့ဖြိုးရေး ပြုစုပျိုးထောင်ခြင်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
မိဘအသိပညာပေးဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်ထူး၊ မူလတန်း ကြိုကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမြင့်အောင်နှင့်ဆရာမများ၊ ကလေးငယ်များ၏ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)